မွှေးမြန်မာအကြောင်း

လူတွေဟာ အာဟာရရှိအောင်၊ ကျန်းမာအောင် နေ့စဉ်အစားအသောက်ပေါင်းများစွာကို စားသုံးနေကြရပါတယ်။ ဒီလို အစားအသောက်များစွာထဲကမှ ကျမတို့ မွှေးမြန်မာကလည်း လူတွေကျန်းမာရေးကို ထိခိုက်စေမယ့် ယမ်းစိမ်း၊ ဆိုးဆေး၊ တာရှည်ခံဆေးများကင်းလွတ်သော Premium Quality မွှေးမြန်မာ စားသောက်ကုန်လုပ်ငန်းကို 2018 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

လေးနှစ်တာကာလအတွင်း အမှန်အကန် Review ပေါင်းများစွာ ရရှိခဲ့ပြီး customers ပေါင်း ၁၀၀၀၀ ကျော်ကိုလည်း ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

ယခုအခါ လက်လီအပြင် လက်ကားပါ ရောင်းချပေးနေတာမို့ အချို့နေရာများမှာပါ မွှေးမြန်မာ Product ကို ဝယ်ယူရရှိနိုင်ပါပြီ။

နောက်နှစ်များစွာမှာလည်း လူတွေရဲ့ ကျန်းမာရေးကို အထူးအလေးထားပြီး ကျန်းမာရေးနဲ့ ညီညွတ်သော ထုတ်ကုန်များကိုသာ ထုတ်လုပ် ရောင်းချသွားမည်ဖြစ်ကြောင်း ကျွနုပ်တို့ မွှေးမြန်မာအကြောင်းကို ရိုသေလေးစားစွာဖြင့် ဖော်ပြအပ်ပါသည်ရှင်။

"လူကြီးမင်းရဲ့ ကျန်းမာရေးကို အစားအသောက်ဖြင့်စောင့်ရှောက်မှာ မွှေးမြန်မာ"